Tuesday, April 18, 2017

Eight Parts of Speech

Eight Parts of Speech

1. Noun
2. Pronoun
3. Adjective
4. Verb
5. Adverb
6. Preposition
7. Conjunction
8. Interjection

Watch က ဝါစင်္ဂ ၈ မျိုးထဲက ဘယ်​ဟာလဲလို့ ​မေးရင်
အ​ဖြေက " မသိပါဘူး" လို့ပဲ ရှိမှာပါ
You can tell what part of speech is a word by what it does.
စကားလုံး တစ်​လုံးက ဘာအမျိုးအစားလဲ ဆိုတာ သူရဲ လုပ်​​ဆောင်​ချက်​နဲ့ ​ဖော်​ပြပါတယ်​။ ဒါ​ကြောင့်​ စကားလုံး တစ်​လုံးကို ဝါကျထဲ ထည့်​မ​ရေးမချင်း မ​ပြောနိုင်​ပါဘူး။

ဥပမာ။ watch ကို ဝါကျထဲ ထည့်​​ရေးမယ်​....

( A ) Thuzar gave me a new watch on my birthday.
သူဇာသည်​ ကျွန်​​တော့်​​မွေး​နေ့မှာ နာရီအသစ်​ တစ်လုံး ​လက်​​ဆောင်​​ပေးခဲ့သည်​။
ဒီမှာ watch က နာမည်​တစ်​ခု ဖြစ်​​နေတယ်​။
နာမည်​ တစ်​ခုဖြစ်​​နေလို့ Noun ဆိုတာ ​သေချာပါပြီ။

နောက်​ဝါကျ တစ်​ခုကို ​ရေးကြည့်​မယ်​...
( B ) I am going to watch a football match.
ကျွန်​​တော်​သည်​ ​ဘောလုံးပြိုင်​ပွဲ ကြည့်​ရန်​ သွား​နေသည်​။
ဒီမှာ watch က Action ( လုပ်​​ဆောင်​ချက်​ ) ဖြစ်​​နေတယ်​...
ဒါ​ကြောင့်​ watch က Verb ဖြစ်​​နေပါပြီ။

ထပ်​​ရေးကြည့်​မယ်​....
( C ) I have a good watch dog.
ကျွန်​​တော်​မှာ အ​စောင့်​​ကောင်း​သော ​ခွေးတစ်​​​ကောင်​ ရှိပါသည်​။

What kind of dog?....ဘယ်​လို​ခွေးမျိုးလဲ?
အ​စောင့်​​ကောင်းတဲ့​ခွေး....​watch က ​dog ကို အထူးပြုထားပါတယ်​။
Noun ကို အထူးပြုတဲ့ ပုဒ်​ကို Adjective လို့ ​ခေါ်ပါတယ်​။
C ဝါကျမှာ watch က Adjective ဖြစ်​​နေပြီ။

Watch - တစ်​ခုတည်းက Noun, Verb , Adjective သုံးမျိုးဖြစ်​​နေပါပြီ။
ဒါ​ကြောင့်​ ဘယ်​စကားလုံးကိုမှ ဝါကျထဲ ထည့်​မ​ရေးမချင်း Eight Parts of Speech ( ဝါစင်္ဂ) အမျိုးအစားကို မ​ပြောနိုင်​ပါဘူး။

______________________

Noun (နာမ်​)
========

What is noun?
နာမ်​ဆိုတာ ဘာလဲ?

A noun is a word that names anything.
နာမ်​ဆိုတာ သက်​ရှိသက်​မဲ့၊ ဒြပ်​ရှိဒြပ်​မဲ့တို့ဧ။်​ အမည်​ဟူသမျှကို နာမ်​ဟူ ​ခေါ်သည်​။
eg. police, driver, cow

There are 5 kinds of noun:
Noun (နာမ်​) ​ငါးမျိုး ရှိပါတယ်​။

1. Proper Noun ( တစ်​ဦးဆိုင်​နာမ်​ )
eg. Su Su, Yangon, Ayeyarwady

2. Common Noun ( အများဆိုင်​နာမ်​ )
eg. man, ox, town, book

3. Abstract Noun ( စိတ္တဇနာမ်​ )
eg. education,  kindness, success

4. Collective Noun ( အစုပြနာမ်​ )
eg. family, league, sugar

5. Material Noun ( ဒဗ္ဗနာမ်​ )
eg. paddy, rice, cotton

( A ) Proper Noun
---------------------------
တစ်​​ယောက်​တစ်​ခုနှင့်​သာ ဆိုင်​​သော အမည်များကို ​Proper Noun ဟု​ခေါ်သည်​။

- Yangon = ရန်​ကုန်
- Mudon = မုဒုံ
- Myint Myat Soe = မြင့်​မြတ်​စိုး
- Anthony Hope = အန်​သိုနီဟုပ်
မှတ်​ချက်​ ။   ။ Proper Noun ကို ​Capital letter နှင့်​ စ​ရေးရမည်​။

( B ) Common Noun
------------------------------
အများနှင့်​ဆိုင်​​သော အမည်​များကို Common Noun ဟု​ခေါ်သည်​။

- Boy = ​လူက​လေး
- Book = စာအုပ်
- Pen = ​ဖောင်​တိန်

( C ) Abstract Noun
-----------------------------
ကိုင်​တွယ်​စမ်းသပ်​၍မရ၊ စိတ်​ဖြင့်​သာသိနိုင်​​သော နာမ်းများကို Abstract Noun ( စိတ္တဇနာမ်​ ) ဟု​ခေါ်သည်​။

- Affection = ​မေတ္တာ
- Laziness = ပျင်းရိခြင်း
- Heat = အပူပူခြင်း
- Light = အလင်း​ရောင်

( D ) Collective Noun
-------------------------------
အစုအ​ပေါင်းအသင်းအဖွဲ့ကို ​ဖော်​ပြ​သော နာမ်းကို Collective Noun ( အစုပြုနာမ်​)  ဟု​ခေါ်သည်​။

- Army = စစ်​တပ်​ (စစ်​သားစု )
- Crowd = လူစု ( လူအများစု )
- Class = အတန်း (​ကျောင်းသားစု )
- Navy = ​ရေတပ်​ (​ရေတပ်​သားစု)

( E ) Material Noun
----------------------------
သဘာဝထွက်​ကုန်​၊ တွင်းထွက်​ ဓာတ်​​ငွေ့ သတ္ထုနှင့်​ စားဖွယ်​​သောက်​ဖွယ်​တို့ကို Material Noun ( ဒဗ္ဗနာမ်​ )
ဟု​ခေါ်သည်​။

- Wood = သစ်​သား
- Water = ​ရေ
- Salt = ဆား
- Paper = စက္ကူ

Proper Noun,  Common Noun,  Collective Noun သုံးမျိုးသည်​ Countable Noun (​ရေတွက်​ရနာမ်​)  မှာ ပါဝင်​၍ Abstract Noun နှင့်​ Material Noun များသည်​ Uncountable Noun (​ရေတွက်​မရနာမ်​)  တွင်​ ပါဝင်​ပါသည်​။

No comments:

Post a Comment