♥ Hungry For Your Love ♥
[ အချစ်ငတ်ဆဲ...မွတ်သိပ်ဆဲပါ ]
It is cold, so bitter cold, on this dark, winter day in 1942. But it is no different from any other day in this Nazi concentration camp. I stand shivering in my thin rags, still in disbelief that this nightmare is happening. I am just a young boy. I should be playing with friends; I should be going to school; I should be looking forward to a future, to growing up and marrying, and having a family of my own.
ဒီနေ့ကတော့ အေးစက်နေတဲ့ ခိုက်ခိုက်တုန်ချမ်းတဲ့ ၁၉၄၂ ခုနှစ်ရဲ့ မှောင်မိုက်တဲ့ ဆောင်းနေ့တစ်နေ့ ပါပဲ။ ဒါပေမယ့်... ဒီ နာဇီအကျဉ်းစခန်းအတွင်းမှာတော့ ဒီနေ့ဟာလည်း ခါတိုင်းနေ့ရက်တွေလိုပါပဲ ဘာမှ ကွာခြားမှုမရှိပါဘူး၊ ပါးလွှာတဲ့ စောင်လေးကိုခြုံရင်း အအေးဒဏ်ကြောင့် တုန်တုန်ယင်ယင်နဲ့ ကျွန်တော် မတ်တပ်ရပ်နေမိတယ်၊ ဒီလို အိပ်မက်ဆိုးကြီး အဖြစ်ဆိုးကြီး ဖြစ်နေတာကို အခုထိ မယုံကြည်နိုင်လောက်အောင် ပါပဲ။ ကျွန်တော်ဟာ အင်မတန် နုနယ်တဲ့ ကလေးငယ်လေးတစ်ယောက်သာ ဖြစ်ပါတယ်၊ ဖြစ်သင့်တာက အခုအချိန်မှာ ကျွန်တော်ဟာ အခြားကလေးငယ်လေးတွေနဲ့အတူ ပျော်ပျော်ပါးပါး ဆော့ကစားနေသင့်တယ်၊ ပညာရေးအတွက် ကျောင်းတက်ပြီး စာပေသင်ယူနေသင့်တယ်၊ တောက်ပတဲ့ အနာဂတ်ကာလကို မျှော်လင့်စောင့်စားနေသင့်တယ်။ အရွယ်ရောက်မယ့်အချိန်၊ အိမ်ထောင်ကျမယ့်အချိန်၊ ပြီးတော့...ကျွန်တော် ကိုယ်တိုင် ထူထောင်ထားတဲ့ ကျွန်တော့်ရဲ့ မိသားစုလေး...။
But those dreams are for the living, and I am no longer one of them. Instead, I am almost dead, surviving from day to day, from hour to hour, ever since I was taken from my home and brought here with tens of thousands of other Jews. Will I still be alive tomorrow? Will I be taken to the gas chamber tonight?
ဒါပေမယ့်... ဒါတွေဟာ ဆက်လက် အသက်ရှင်သန်မယ့် လူသားတွေအတွက်သာဖြစ်တဲ့ စိတ်ကူးတွေ စိတ်ကူးယဉ် အိပ်မက်တွေ ဖြစ်ပါတယ်၊ ကျွန်တော်ကတော့ အသက်ဆက်လက်ရှင်သန်မယ့် လူတွေထဲက တစ်ယောက် မဟုတ်တော့ဘူးလေ။ အဲဒီလို စိတ်ကူးယဉ်တွေးတော့ရမယ့်အစား...ငါ ဘယ်တော့ သေတော့မှာလဲလို့ တွေးနေရတဲ့၊ သေလုဆဲဆဲ သေရတော့မယ့် ကာလလေ၊ အခြား ဂျူးလူမျိုး သောင်းပေါင်းများစွာနဲ့အတူ ကျွန်တော့်အိမ်ကနဲ့ ကျွန်တော်ကို ဒီ အကျဉ်းစခန်းသို့ ခေါ်လာကတည်းက နေ့စဉ်နဲ့အမျှ၊ နာရီနဲ့အမျှ ငါ အသက်ရှင်ပြီး ကျန်နေဦးမှာလားလို့ တွေးတောနေရတဲ့ အခြေအနေပါ...။
"ငါ့ကို မနက်ဖြန်အထိ ဆက်လက်ပြီး အသက်ရှင်နေဦးမှာလား...? ငါ့ကို အဆိပ်ဓာတ်ငွေ့ပေးပြီး သတ်မယ့် အခန်းထဲသို့ ဒီညပဲ ခေါ်သွားတော့မှာလား...။
Back and forth I walk next to the barbed wire fence, trying to keep my emaciated body warm. I am hungry, but I have been hungry for no longer than I want to remember. I am always hungry. Edible food seems like a dream. Each day, as more of us disappear, the happy past seems like a mere dream, and I sink deeper and deeper into despair.
သံဆူးကြိုးတွေကာထားတဲ့ ခြံစည်းရိုးနားမှာ ကျွန်တော် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိတယ်၊ အရိုးပေါ် အရေတင်ပြီး ပိန်ချုံးနေတဲ့ ကျွန်တော်ရဲ့ ခန္ဓာကိုယ်လေးကို အနွေးဓာတ်ကလေးရဖို့ ကြိုးစားရင်းနဲ့လေ။ ကျွန်တော် ဆာလောင်မွတ်သိပ် နေပါတယ်၊ ဒါပေမယ့် ကျွန်တော် ဆာလိုက်တာလို့ သတိရတဲ့ အချိန်မတိုင်ခင်ကတည်းက ဆာလောင်မွတ်သိပ် နေခဲ့တာပါ...ကျွန်တော်ဟာ အမြဲထာဝရ ဆာလောင်နေပါတယ်။ စားကောင်းတဲ့...စားလို့ရတဲ့ အစားအစာ ဆိုတာ အိပ်မက်ထဲမှာလို့ပဲ ထင်ရပါတယ်၊ တစ်နေ့တခြား ကျွန်တော်တို့ အထဲက လူတွေဟာ ပိုပိုပြီး ပျောက်ကွယ်ကုန်ကြပါတယ်။ ပျော်စရာကောင်းခဲ့တဲ့ အတိတ်ကာလရဲ့ အချိန်ဆိုတာ အိပ်မက်မက်ခဲ့သလို့ပါပဲ။ ကျွန်တော်ဟာ စိတ်ပျက် ညှိုးငယ်တဲ့ခံစားမှုကို ပိုပိုပြီး နက်နက်ရှိုင်းရှိုင်းခံစားနေရပါတယ်။
Suddenly, I notice a young girl walking past on the other side of the barbed wire. She stops and looks at me with sad eyes, eyes that seem to say that she understands, that she, too, cannot fathom why I am here. I want to look away, oddly ashamed for this stranger to see me like this, but I cannot tear my eyes from hers.
ရုတ်တရက် ဆိုသလိုပဲ သံဆူးကြိုးအကာတွေရဲ့တစ်ဖက်...
အကျဉ်းစခန်းအပြင်ဘက်မှာ ငယ်ရွယ်တဲ့ မိန်းကလေး တစ်ယောက် လမ်းဖြတ်လျှောက်သွားတာကို ကျွန်တော် သတိထားမိတယ်၊ သူ(မ)က လမ်းသွားနေရာကနေရပ်ပြီး ကျွန်တော်ကို ကြည့်လိုက်တယ်။ သူကြည့်တာက အကြင်နာမျက်ဝန်းတွေနဲ့ ကြည့်တာ...။ သူ(မ)ရဲ့ မျက်လုံးတွေက ကျွန်တော်လို ငယ်ရွယ်တဲ့ကလေး...တစ်ယောက် ဘာကြောင့် ဒီ အကျဥ်းစခန်းသို့ ရောက်နေရတယ်ဆိုတာ သူ(မ)လည်း နားမလည်နိုင်လောက်အောင် ပါပဲ...လို့ ဖော်ပြနေ သယောင်ယောင်ပါပဲ၊ မသိကျွမ်းတဲ့ သူစိမ်းတစ်ယောက်က ကျွန်တော့်ကို သနားစရာ အဖြစ် ဒီလို အကြည့်မျိုးနဲ့ အကြည့်ခံရတာ ထူးထူးခြားခြား ရှက်သွားမိသွားသလိုပါပဲ။ သူ(မ)ကို ကျွန်တော် ကြည့်နေရာကနေ အခြားကို မျက်နှာလွှဲပစ်ချင်လိုက်တယ်၊ ဒါပေမယ့် ကျွန်တော့်ရဲ့ မျက်လုံးတွေက သူ(မ)ရဲ့ မျက်လုံးလေးတွေက ပြန်မကြည့်ဘဲ မနေနိုင်...၊ သူ(မ)ဆီကနေ မျက်နှာမလွှဲနိုင်ခဲ့ပါဘူး။
Then she reaches into her pocket, and pulls out a red apple. A beautiful, shiny red apple. Oh, how long has it been since I have seen one! She looks cautiously to the left and to the right, and then with a smile of triumph, quickly throws the apple over the fence. I run to pick it up, holding it in my trembling, frozen fingers. In my world, of death, this apple is an expression of life, of love. I glance up in time to see the girl disappearing into the distance.
အဲဒီနောက် သူ(မ)က သူ(မ)ရဲ့ အိတ်ထဲကို နှိုက်ပြီး အနီရောင်ပန်းသီးတစ်လုံးကို ထုတ်လိုက်တယ်၊ လှပပြီး အနီရောင်တောက်ပနေတဲ့ပန်သီးလေးပါ။ "သြော်...ဒီလို ပန်းသီးမျိုး မမြင်ဖူးတာ ဘယ်လောင်ကြာခဲ့ပြီလဲလေ!" လို့ ကျွန်တော်တွေးနေမိတယ်။ သူ(မ)က သတိထားပြီး ဘက်ဘက်ကိုကြည့်လိုက်...ညာဘက်ကို ကြည့်လိုက်နဲ့ လူရိပ်လူခြေကို အကဲခတ်ပါတယ်၊ ပြီးတော့မှ အောင်မြင်ရွှင်ပျတဲ့ အပြုံးလေးနဲ့ ကျွန်တော့်ကို ပြုံးပြရင်း၊ ပန်းသီးလေးကို ခြံစည်းရိုးပေါ်ကကျော်ပြီး ပစ်ပေးလိုက်တယ်၊ ကျွန်တော်က အပြေးလေး သွားကောက်တယ်၊အေးစက်တုန်ယင်နေတဲ့ လက်ကလေးတွေနဲ့ ပန်းသီးလေးကို ကိုင်ထားမိတယ်၊ ကျွန်တော့်ရဲ့ သေဆုံးတော့မယ့်ဘဝ မရဏလောကမှာ ဒီ ပန်းသီးလေးက ကျွန်တော့်ရဲ့ ရှင်သန်ဖို့ ခွန်အား အသက်နဲ့ မေတ္တာကို ဖော်ကျူးခဲ့ပါတယ်။ ခပ်လှမ်းလှမ်းမှာ ပျောက်ကွယ်သွားတဲ့ မိန်းကလေးကို တွေ့မြင်ရအောင် အချိန်မီပဲ ငဲ့စောင်းငေးမော့ကြည့်လိုက်မိပါတယ်။
The next day, I cannot help myself— I am drawn at the same time to that spot near the fence. Am I crazy for hoping she will come again? Of course. But in here, I cling to any tiny scrap of hope. She has given me hope and I must hold tightly to it.
And again, she comes. And again, she brings me an apple, flinging it over the fence with that same sweet smile.
နောက်တစ်နေ့မှာ ကျွန်တော့်ကိုယ် ကျွန်တော် ထိန်းမရဘဲ နေမထိ ထိုင်မသာ ဖြစ်ခဲ့တယ်၊ မနေ့က ကောင်မလေးရောက်လာတဲ့ အချိန်မှာ၊ မနေ့က သွားခဲ့တဲ့ ခြံစည်းရိုးနားက နေရာလေးကို ကျွန်တော်မသွားဘဲ မနေနိုင်လို့ ရောက်သွားခဲ့ပါတယ်။ "သူ(မ) ဒီနေ့လည်း ထပ်ပြီး တစ်ခါလာလိမ့်ဦးမလား...?" ရယ်လို့ ကျွန်တော် အရူးအမူး တွေးတော့မျှော်လင့်မိခဲ့တယ်။ တကယ်ပါပဲ... ကျွန်တော် မျှော်လင့်တောင့်တမိပါတယ်။ ဒါပေမယ့် ဒီလိုနေရာမျိုးမှာ ကျွန်တော့်အတွက် မျှော်လင့်ချက် အပိုင်းအစလေး အနည်းငယ်ကို ဖက်တွယ်မိခဲ့ပြီလေ...၊ သူ(မ)က ကျွန်တော်ကို မျှော်လင့်ချက်ဆိုတာလေးကို ပေးခဲ့တယ် ကျွန်တော်က အဲဒါလေးကို ရရှိအောင် စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားရပေမယ်ပေါ့...။
နောက်နေ့ သူ(မ) နောက်တစ်ကြိမ်ထပ်ပြီး ရောက်လာပါတယ်၊ ကျွန်တော့်အတွက် ပန်းသီးလေတစ်လုံး ယူလာခဲ့တယ်၊ ခြံစည်းရိုးပေါ်ကိုကျော်ပြီး ပစ်ပေးခဲ့တယ်...သူ့မျက်နှာပေါ်မှာတော့ ရွှင်ပျချိုသာတဲ့ အပြုံးလေးနဲ့ပါပဲ...။
This time I catch it, and hold it up for her to see. Her eyes twinkle. Does she pity me? Perhaps. I do not care, though. I am just so happy to gaze at her. And for the first time in so long. I feel my heart move with emotion.
For seven months, we meet like this. Sometimes we exchange a few words. Sometimes just an apple.
ဒီတစ်ခါတော့ ကျွန်တော်က ပန်းသီးကို ဖမ်းယူပြီး သူ(မ)မြင်သာအောင် လက်ကို မြှောက်ပြလိုက်တယ်။ သူ(မ)ရဲ့ မျက်လုံးထဲမှာ အရောင်ကလေးတွေ့က ရွှန်းလက်သွားပါတယ်။ "သူ(မ)က ကျွန်တော့်ကို သနားနေတာလား...?" ဖြစ်ကောင်းဖြစ်မှာပေါ့လေ၊ ဒါပေမယ့် ကျွန်တော် အရေးမထားပါဘူး။ သူ(မ)ကို ငေးစိုက်ပြီး ကြည့်လိုက်ရရင်...ကျွန်တော့်ရင်ထဲမှာ ချမ်းမြေ့သွားတာပါပဲ။ ကျွန်တော့်ဘဝမှာ ပထဆုံးအကြိမ်အဖြစ် ကျွန်တော့်နှလုံးသားမှာ ခံစားမှုကြောင့် စိတ်လှုပ်ရှားခံစားခဲ့ရပါတယ်။
ခုနှစ်လလောက်ကြာအောင် ကျွန်တော်တို့ဟာ ဒီလိုပဲ တွေ့ဆုံခဲ့ကြပါတယ်။ တခါတလေ... ( လူလစ်ရင် ) ကျွန်တော်တို့ စကားစမြည် နည်းနည်းလေး ပြောဖြစ်ကြတယ်၊ တစ်ခါတစ်ရံ ကျတောလည်း ပန်းသီးလေးကို ပစ်ပေးရုံပါပဲ။
But she is feeding more than my belly, this angel from heaven. She is feeding my soul. And somehow, I know I am feeding hers as well.
One day, I hear frightening news: we are being shipped to another camp. This could mean the end for me. And it definitely means the end for me and my friends.
ဒါပေမယ့် သူ(မ)က ကျွန်တော်ရဲ့ ဝမ်းဗိုက်ကို ဆာလောင်မှုပြေပျောက်အောင် အစာကျွေးတယ်ဆိုတဲ့ သဘောထက် ပိုပါတယ်။ ကောင်းကင်ဘုံက ကျလာတဲ့ နတ်မိမယ်လေး...သူ(မ) ...လေ။ ကျွန်တော့်ရဲ့ အသည်းနှလုံးစိတ်ကိုပါ မေတ္တာအာဟာရတွေ ကျွေးနေခဲ့တာပါ။ ဘာပဲပြောပြော...ကျွန်တော်ကလည်း သူ(မ)အပေါ်မှာ မေတ္တာဓာတ်တွေ ဖြန့်ကျဲနေခဲ့မိတာပါပဲ။
တစ်နေ့မှာ ထိတ်လန့်ကြောက်ရွံ့ဖွယ် သတင်းဆိုးတွေကို ကျွန်တော် ကြားရတယ်၊ ကျွန်တော်တို့ကို အခြား အကျဉ်းစခန်းတစ်ခုသို့ ရွှေ့တော့မယ်...တဲ့။ ကျွန်တော့်အတွက် ကျွန်တော့်ဘဝ နိဂုံးချူပ် ချိန်ကို ရောက်ပြီလို့ ဆိုနိုင်ပါတယ်။ လုံးဝ ကျိန်းသေးဆိုနိုင်တာကတော့ ကျွန်တော့် သူငယ်ချင်းမလေးနဲ့. ကျွန်တော်တို့ ထာဝရခွဲခွာရမယ့် နိဂုံး အချိန်ဆိုတာပါပဲ။
The next day when I greet her, my heart is breaking, and I can barely speak as I say what must be said: “ Do not bring me an apple tomorrow,” I tell her. “ I am being sent to another camp. We will never meet each other again.” Turning before I lose all control, I run away from the fence. I cannot bear to look back. If I did, I know she would see me standing there, with tears streaming down my face.
နောက်တစ်နေ့ ကျွန်တော် သူ(မ)ကို နှုတ်ဆက်တဲ့အခါ ကျွန်တော့် နှလုံးသားတွေ ကွဲကြေတော့မတတ်ပါဘဲ။ ကျွန်တော်ပြောရမယ့်စကားကို ပြောကို ပြောရမယ့်အချိန်မှာတော့ ...ကျွန်တော့်ပါးစပ်က ဒီစကားလုံးတွေကို မပြောတတ်နိုင် မဆိုတတ်အား...ပါပဲ။ "မနက်ဖြန်ကျရင် ပန်းသီးလေး ယူမလာခဲ့နဲ့တော့...နော်" လို့ ကျွန်တော့်က ပြောလိုက်တယ်။ "မနက်ဖြန်ဆိုရင် အခြား အကျဉ်းစခန်းကို ပို့တော့မယ်...တဲ့။ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နောက်...ဘယ်တော့မှ တွေ့ကြရတော့မှာ မဟုတ်တော့ဘူးနော်..."လို့ ပြောပြီ ချာခနဲ လှည့်လိုက်ပါတယ်၊ ကျွန်တော် ထိန်းထားတဲ့စိတ်တွေ အရည်ပျော်မကျခင် လှည့်ထွက်ခဲ့တာပါ၊ ကျွန်တော် ခြံစည်းရိုးဆီကနေ အမြန်လေးပြေးထွက်ခဲ့တယ်။ နောက်ဘက်ကို လှည့်ပြီး ကြည့်မိရင် ကျွန်တော့်မျက်လုံးက မျက်ရည်တွေ အသွယ်သွယ်ကျပြီး ငိုရှိုက်နေတာကို အဲဒီနေရာမှာ ရပ်နေတဲ့ သူ(မ)က မြင်သွားမယ်ဆိုတာ ကျွန်တော် သိနေတယ်လေ။
Months pass and the nightmare continues. But the memory of this girl sustains me through the terror, the pain, the hopelessness. Over and over in my mind, I see her face, her kind eyes, I hear her gentle words, I taste those apples.
လပေါင်းများစွာ ကုန်လွန်ခဲ့ပါပြီ၊ ကြောက်မက်ဖွယ် အိပ်မက်ဆိုးကြီးက ဆက်လက်ရှိနေဆဲပါ...၊ ဒါပေမယ့် ကြောက်မက်ဖွယ်ရာတွေ၊ နာကျင်မှုတွေ၊ မျှော်လင့်ချက်ကင်းမဲ့မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ကာလမှာ...သူ(မ)ကို သတိရနေတဲ့ စိတ်က ကျွန်တော်ကို အားမာန်တွေပေးနိုင်ခဲ့တယ်၊ ကျွန်တော့်ရဲ့ စိတ်အစဉ်မှာ သူ(မ)ရဲ့ မျက်နှာလေးနဲ့ သူ(မ)ရဲ့ အကြင်နာမျက်လုံးလေးတွေကို ထပ်ကာ တလဲလဲ မြင်ယောင်မိတယ်၊ သူ(မ)ရဲ့ နူးညံသိမ်မွေ့တဲ့ စကားေးလတွေကို ကြားယောင်မိတယ်၊ သူ(မ) ပစ်ပေးခဲ့တဲ့ ပန်းသီးလေးတွေရဲ့ အရသာကိုလည်း ခံစားနေရဆဲပါ။
And then one day, just like that, the nightmare is over. The war has ended. Those of us who are still alive are freed. I have lost everything that was precious to me, including my family. But I still have the memory of this girl, a memory I carry in my heart and gives me the will to go on as I move to America to start a new life.
Years passed. It is 1957. I am living in New York City. A friend convinces me to go on a blind date with a lady friend of his. Reluctantly, I agree.
အဲဒီလိုနဲ့ တစ်နေမှာ၊ အိပ်မက်ဆိုးကြီးကနေ ကျွန်တော် နိုးထလွန်မြောက်ခဲ့ရပါတယ်။ ကမ္ဘာစစ်ကြီးက ပြီးသွားတယ်။ ကျွန်တော်တို့အထဲက အသက်ရှင်လျက် ကျန်ရှိနေသူတွေကို လွှတ်လိုက်တယ်။ ကျွန်တော်အတွက်တော့...တန်ဖိုးရှိတဲ့ အရာအားလုံး....အရာရာဟာ ဆုံးရှုံးခဲ့ရပါတယ်၊ ကျွန်တော့်ရဲ့ မိသားစုတွေ အပါအဝင်ပေါ့။ ဒါပေမယ့်...ကျွန်တော် မဆုံးရှုံးဘဲ အမြဲတမ်း ပိုင်ဆိုင်နေတာကတော့ သူ(မ)ကို သတိရနေမှု ပါပဲ။ ကျွန်တော့် နှလုံးသားမှာ သူ(မ)ကို သတိရတဲ့စိတ်ကို ထာဝရ သိမ်းဆည်းပြီး အမေရိကန် နိုင်ငံကို ပြောင်းရွှေ့ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဘဝအသစ်တစ်ခု စတော့ဖို့လေ...။
ဒီလိုနဲ့ နေ့ကို ရက်စားပြီး တစ်နှစ်ပြီး တစ်နှစ် ကုန်လွန်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်ကို ရောက်ရှိခဲ့ပါပြီ။ ကျွန်တော်ဟာ အမေရိကန် နိုင်ငံ နယူးယောက်မြို့မှာ အခြေချ နေထိုင်လျက်ရှိပါပြီ၊ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က သူရဲ့ အမျိုးသမီး သူငယ်ချင်း တစ်ယောက်နဲ့ တွေ့ဆုံမိတ်ဆက်ပေးမယ်...လို့ဆိုတယ်၊ စိတ်မပါ...တပါနဲ့ ကျွန်တော်လည်း သဘောတူလိုက်ပါတယ်။
But she is nice, this woman named Roma. And like me, she is an immigrant, so we have at least that in common.
“Where were you during the war?” Roma asked me gently, in that delicate way immigrants ask one another questions about those years.
“ I was in a concentration camp in Germany,” I reply.
ဒါပေမယ့် လူချင်းတွေ့တဲ့အခါကျတော့ သူ(မ) ပြောလို့ဆိုလို့ ပေါင်းလို့သင်းလို့ ကောင်းတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်နေတယ်။ သူ(မ)ရဲ့ နာမည်မှာ "ရိုမာ"တဲ့။ သူ(မ)ကလည်း ကျွန်တော်လို့ပဲလေ...အမေရိကန်မှာ အခြေချနေထိုင်ဖို့ အခြားနိုင်ငံက ပြောင်းရွှေ့လာခဲ့တဲ့သူ...ဆိုတော့ အနည်းဆုံး ကျွန်တော်တို့ နှစ်ယောက်က ဘဝတူပေါ့။
"စစ်အတွင်းတုန်းက ရှင်ဘယ်မှာရှိနေလဲ...ဟင်?" လို့ ရိုမာက ယဉ်ယဉ်ကျေးကျေးလေး မေးလိုက်တယ်။ အဲဒီခေတ်...အဲဒီအချိန်တွေတုန်းကဆိုရင်...ခုလို ပြောင်းရွှေ့လာတဲ့ လူအချင်းချင်းတွေ့ရင် ဒီလိုပဲ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ မေးမြန်းကြ ပြောဆိုနေကြလေ...။
"ဂျာမနီပြည်က အကျဉ်းစခန်းတစ်ခုမှာ ကျွန်တော်ရောက်နေတာပေါ့...ဗျာ" လို့ ကျွန်တော်က ဖြေလိုက်မိတယ်။
Roma gets a far away look in her eyes, as if she is remembering something painful yet sweet.
“What is it?” I ask.
“ I am just thinking about something from my past, Herman,” Roma explains in a voice suddenly very soft. “ You see, when I was a young girl, I lived near a concentration camp. There was a boy there, a prisoner, and for a long while, I used to visit him every day. I remember I used to bring him apples. I would throw the apple over the fence, and he would be so happy.”
ရိုမာရဲ့ မျက်လုံးအစုံက ဟို....အဝေးကြီးကို ငေးပြီး ကြည့်နေပါတယ်၊ သူ(မ)ကို ကြည့်ရတာ နားကြည်းဖွယ် တစ်စုံတစ်ခုကို သတိရနေဆဲ...ခုထိ မပျောက်ပျက်ဘဲ ရှိနေဆဲ...လိုပါပဲ။
"ဘာဖြစ်လို့လဲ...ဟင်?" လို့ ကျွန်တော်က မေးလိုက်တော့...
"ဟို...အတိတ်တစ်ချိန်က အကြောင်းလေးတစ်ခုကို ကျွန်မ စဉ်းစားနေတာပါ...ဟာမင်" လို့ သူ(မ)က ဖြေတယ်။ ရုတ်တရက် ပျော့ပျောင်းညင်သာတဲ့ လေသံလေးနဲ့ ရိုမာက ရှင်းပြတယ်၊ "ကျွန်မ ငယ်ငယ်..ကလေးဘဝတုန်းက...ဂျာမနီ အကျဉ်းစခန်းတစ်ခုအနားမှာ နေခဲ့တယ်လေ၊ အဲဒီစခန်းမှာ ကောင်လေးတစ်ယောက် အကျဉ်းသား အဖြစ်နဲ့ အကြာကြီး အချုပ်အနှောင်ခံ ဖမ်းဆီးခံထားရတယ်၊ ကျွန်မ...သူ့ဆီကို နေ့တိုင်း သွားရောက်ခဲ့တယ်၊ သူ့အတွက် ပန်းသီးလေးတွေ ယူသွားတာကိုလည်း ကျွန်မ မှတ်မိတယ်။ ကျွန်မက ခြံစည်းရိုးကိုကျော်ပြီး ပန်းသီးလေးကို ပစ်ပေးလိုက်တယ်...သူကလည်း သိပ်ကို ပျော်..လို့"
Roma sighs heavily and continues. “It is hard to describe how we felt about each other — after all, we were young, and we only exchanged a few words when we could — but I can tell you, there was much love there. I assume he was killed like so many others. But I cannot bear to think that, and so I try to remember him as he was for those months we were given together.”
ရိုမာက စကားပြောရင်းနဲ့ သက်မကြီး ချလိုက်တယ်၊ ပြီးတော့ ဆက်ပြောတယ် " ကျွန်မတို့ နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက် ဘယ်လိုခင်တွယ်ခံစားမိတယ်ဆိုတာ ဖော်ပြဖို့တော့ ခက်ပါတယ်ရှင်၊ ပြီးတော့ ကျွန်မတို့က ငယ်သေးတယ်လေ...၊ အခြေအနေပေးလို့ စကားပြောခွင့်ကြုံရင်...စကားလေးတွေ ပြောကြတယ်၊ ဒါပေမယ့်...ကျွန်မ ပြောရဲတယ်။ အဲဒီမှာ မေတ္တာတရားတွေ အများကြီးပါတယ်..မေတ္တာနဲ့ လွှမ်းခြုံထားတယ်...ရှင့်။ တခြားအကျဉ်းသားတွေလိုပဲ သူလည်း သေလောက်ပြီလို့ ကျွန်မ ထင်ပါတယ်။ ဒါပေမယ့်....အဲဒီလို သေသွားပြီလို့ ဆိုတာကို ကျွန်မရဲ့ ရင်ထဲမှာ မခံစားနိုင်ဘူး၊ ဒါကြောင့် ...သူနဲ့ ကျွန်မ အပေးအယူမျှ...စကားစမြည်ပြောခဲ့ကြတဲ့ အဲဒီကာလလေးတွေကိုပဲ...သတိရနေအောင် ကြိုးစားပြီး ကျွန်မ နေပါတယ်.."
With my heart pounding so loudly I think it will explode, I look directly at Roma and ask, “And did that boy say to you one day, ‘Do not bring me an apple tomorrow. I am being sent to another camp’?”
“Why, yes,” Roma responds, her voice trembling.
“But, Herman, how on earth could you possibly know that?”
I take her hands in mine and answer, “Because I was that young boy, Roma.”
ကျွန်တော်ရဲ့ ရင်ခုန်သံတွေ ကျယ်လောင်လွန်းလို့ ကျွန်တော့်နှလုံးသားတွေ ပွင့်ထွက်ပေါက်ကွဲ ထွက်တော့မလားလို့တောင် ကျွန်တော် ထင်မိပါတယ်။ ကျွန်တော်က ရိုမာကို စူးစူးစိုက်စိုက်ကြည့်ပြီး...
"တစ်နေ့ကျတော့ အဲဒီ ကောင်လေးက မပြောဘူးလား...
မနက်ဖြန် ကျရင် ပန်းသီးလေး ယူမလာနဲ့တော့နော်...ကျွန်တော့်ကို အခြားအကျဉ်းစခန်းတစ်ခုကို ပို့တော့မယ်?" လို့လေ...မေးလိုက်တယ်။
"ဟင်...ဘာဖြစ်လို့...ဟုတ်တယ်၊ မေးတယ်" လို့ ရိုမာ က ပြန်ပြောတယ်...သူ(မ)ရဲ့ အသံလေးတွေက တုန်နေပါတယ်။
"ဒါပေမယ့်...ဟာမင် ဒီကိစ္စ ကို ရှင် ဘယ်လိုလုပ်ပြီး သိတာလဲဟင်?" လို့ သူ(မ)က ပြန်မေးလိုက်တယ်။
ကျွန်တော်က သူ(မ)ရဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး "ဘာဖြစ်လို့လဲဆိုတော့ ...ကျွန်တော်ဟာ...အဲဒီ ကောင်လေး ဖြစ်နေလို့ပါပဲ...ရိုမာ"
For many moments, there is only silence. We cannot take our eyes from each other, and as the veils of time lift, we recognize the soul behind the eyes, the dear friend we once love so much, whom we have never stopped loving, whom we have never stopped remembering.
Finally, I speak: “Look, Roma, I was separated from you once, and I don't ever want to be separated from you again. Now, I am free, and I want to be together with you forever. Dear, will you marry me?”
အချိန်အတော်ကြီးကြာတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်ကြဘူး၊ ငြိမ်ပြီး ကြည့်နေမိကြတယ်၊ ကျွန်တော်တို့ရဲ့ မျက်လုံးတွေက တစ်ယောက်နဲ့တစ်ယောက်ဆီကနေ မလွှဲဖယ်နိုင်ကြပါဘူး။...ဒီလိုနဲ့ အချိန်ကာလဆိုတဲ့ ဇာပဝါလေးကို ဖယ်ခွာလိုက်တဲ့အချိန်မှာတော့ ...ကျွန်တော်တို့ မျက်လုံးတွေရဲ့ နောက်ကွယ်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို ကျွန်တော်တို့ မြင်သိခဲ့ရပါပြီ၊ ချစ်လှစွာသော သူငယ်ချင်း
တစ်ချိန်တုန်းက အလွန်အမင်းချစ်မြတ်နိုးခဲ့ရပြီးတော့...ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာအရှိန်အဟုန်ကို ဘယ်တုန်းကမှ မရပ်တန့်ခဲ့တဲ့...ကျွန်တော်တို့ရဲ့ သတိရ လွမ်းဆွတ်မှုတွေ ဘယ်တုန်းကမှ မပျောက်ပျက်ခဲ့ရတဲ့...သူတွေလေ။
နောက်ဆုံးမှာ ကျွန်တော်က "ဒီမယ်...ရိုမာ ...၊ ကျွန်တော်ဟာ ခင်ဗျားနဲ့ တစ်ချိန်က ခွဲခွာခဲ့ရတယ်၊ နောက်တစ်ခါထပ်ပြီး ဘယ်တော့မှ မခွဲချင်တော့ဘူး...ရိုမာရယ်။ အခုအခါမှာ ကျွန်တော်လည်း လွတ်လွတ်လပ်လပ် ဆိုတော့...ရိုမာနဲ့ပဲ ထာဝရအတူရှိနေချင်ပါတယ်...အချစ်ရယ်...မင်း ကိုယ့်ကို လက်ထပ်ပါလားကွယ်..." လို့ ပန်ကြားမိတယ်။
I see the same twinkle in her eyes that I used to see as Roma says, “Yes, I will marry you,” and we embrace, the embrace we longed to share for so many months, but barbed wire came between us. Now, nothing will ever again.
Almost forty years have passed since that day when I found my Roma again. Destiny brought us together the first time during the war to show me a promise of hope, and it had reunited us to fulfill that promise.
သူ(မ)ရဲ့ မျက်လုံးမှာလည်း ထပ်တူလင်းလက် သွားတာကို ကျွန်တော် မြင်မိတယ်။ ဟိုတုန်းက ကျွန်တော် မြင်ဖူးခဲ့တဲ့ ရွှန်းလက်မှုမျိုးနဲ့ ထပ်တူပါပဲ။ ရိုမာ က တိုးတိတ် ညင်သာ ဖြေလိုက်တယ် "ဟုတ်ကဲ့...ကျွန်မ ရှင့်ကို လက်ထပ်ပါမယ် မောင်ရယ်"...တဲ့။
ပြီးတော့ ကျွန်တော်တို့ ချစ်သူနှစ်ဦး တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး ပွေ့ဖက်မိကြတယ်၊ လပေါင်းများစွာ ကြာခဲ့တဲ့ ဟိုတစ်ချိန်တည်းက ပွေ့ဖက်ချင်ခဲ့တဲ့ ဆန္ဒလေ...ဒါပေမယ့် အဲဒီ အချိန်တုန်းကတော့ ကျွန်တော်တို့ ကြားမှာ သံဆူးကြိုးက ခြားထားခဲ့တယ်လေ...၊ အခုတော့...ပိုင်းခြားထားတာတွေ မရှိတော့သလို...နောင်ကိုလည်း ဘယ်တော့မှ ရှိမယ်မဟုတ်ပါဘူး။
ကျွန်တော်ရဲ့ ရိုမာ လေးနဲ့ ပြန်တွေ့ပြီးနောက် နှစ်ပေါင်းလေးဆယ်နီးပါးကြာခဲ့ပါပြီ၊ ကံကြမ္မာက ကျွန်တော်တို့ကို စစ်အတွင်းမှာ တွေ့ဆုံစေခဲ့တယ်၊ အခုအခါမှာတော့ အဲဒီ မျှော်လင့်ချက်တွေ ပြည့်ဝ အကောင်အထည်ပေါ်ခဲ့ပြီလေ...။
1996. I bring Roma to the Oprah Winfrey Show to honor her on national television. I want to tell her in front of millions of people what I feel in my heart every day:
“Darling, you fed me in the concentration camp when I was hungry. And I am still hungry, for something I will never get enough of: I am only hungry for your love.”
၁၉၉၆ ခုနှစ်၊......၊ ကျွန်တော်က ရိုမာကို ရုပ်မြင်သံကြားမှာ ဂုဏ်ပြုချင်လို့ အော်ပရာ ဝင်းဖရေးပြပွဲကို ခေါ်လာခဲ့တယ်၊ သန်းပေါင်းများစွာသော လူထုပရိသတ်ကြီးရဲ့ ရှေ့မှောက်မှာ...ကျွန်တော်ဟာ သူ(မ)နဲ့ ပတ်သက်ပြီး နေ့စဉ်ဘယ်လိုခံစားနေရတုန်းပဲ ဆိုတာကို ကျွန်တော်က သူ(မ)ကို ပြောပြချင်လို့ပါ။
"အချစ်ရယ်...အကျဉ်းစခန်းမှာ...ကိုယ် ငတ်မွတ်နေတုန်းက မင်းက ကိုယ့်ကို ပန်းသီးလေးကျွေးပြီး.....ကိုယ့်ရဲ့ ငတ်မှုဝေဒနာကို ဖြေဖျောက်ပေးခဲ့ပါတယ်၊ အခုလည်း ကိုယ်အနေနဲ့ ဆာလောင်မွတ်သိပ်ဆဲပါပဲကွယ်...အခုအချိန်မှာ ကိုယ် မွတ်သိပ်တောင့်တနေမိတာကတော့...အချစ်ရယ်...အချစ်ရဲ့ အချစ်ကိုပါပဲ....ကွယ်"....။
♥↔♥↔♥↔♥
No comments:
Post a Comment