Words Which Commonly Confuse
အများအာဖြင့် ခေါင်းရှုပ်စေသော စကားလုံးများ
===========================
♦ 1 ♦
admit = အမှန်တရားကို လက်ခံသည်၊
confess = ကိုယ့်အမှားကို ကိုယ့်ဝန်ခံသည်
(a) I admit that you are more intelligent
than I am.
မင်းက ငါထက် ပိုပြီး ဉာဏ်ရည်ကောင်းတာကို ငါ လက်ခံပါတယ်။
(b) He confessed his guilt before the
judge.
တရားသူကြီး ရှေ့မှာ သူရဲ့ အပြစ်ကို သူ ဝန်ခံခဲ့ပါတယ်။
♦ 2 ♦
among = နှစ်ဦးထက်ပိုသော လူကြားမှာ
between = လူနှစ်ယောက်ကြားမှာ
(a) The old man divided his property
among four children.
လူအိုးက သူ့ရဲ့ စည်းစိမ်ဥစ္စာကို သား လေးယောက်
အကြား ခွဲပေးလိုက်တယ်။
(b) Divide this money between these girls.
ဒီပိုက်ဆံကို ဒီမိန်းကလေးတွေကြားမှာ ခွဲပေးလိုက်ပါ။
♦ 3 ♦
table = စားပွဲခုံ [noun]
table = ဇယား [noun]
(a) There is a book on the table.
စားပွဲခုံပေါ်မှာ စာအုပ် တစ်အုပ်ရှိပါတယ်။
(b) There's a table in lesson 5 of this book.
ဒီစာအုပ်ရဲ့ သင်ခန်းစာ ၅ မှာ ဇယား တစ်ခု ရှိပါတယ်။
♦ 4 ♦
valuable = တန်ဖိုးကြီးသော
invaluable = တန်ဖိုးမဖြတ်နိုင်သော
(a) There's a valuable necklace in the box.
သေတ္တာထဲမှာ တန်ဖိုးကြီးတဲ့ လည်ဆွဲ တစ်ခုရှိတယ်။
(b) Mother's love is invaluable.
မိခင်မေတ္တာကို တန်ဖိုး မဖြတ်နိုင်ပါ။
♦ 5 ♦
price = ဈေးနှုန်း
prize = ဆု
(a) The price of petrol has gone up.
ဓာတ်ဆီ ဈေးက တက်သွားပြီ။
(b) Hla Win got the first prize in the race.
ပြိုင်ပွဲမှာ လှဝင်းက ပထမဆု ရခဲ့တယ်။
♦ 6 ♦
eligible = ရွေးချယ်နိုင်သော
illegible = မဖတ်နိုင်သော
(a) Only a graduate is eligible for this post.
ဒီ ရာထူးအတွက် ဘွဲ့ ရ တစ်ယောက်ကိုသာ
ရွေးချယ်နိုင်သည်။
(b) Your hand-writing is illegible.
မင်း လက်ရေးကို ဖတ်လိုမရဘူး။
♦ 7 ♦
floor = ကြမ်းပြင်
flour = ဂျုံ
(a) She is sitting on the floor.
သူ(မ) ကြမ်းပြင်ပေါ် ထိုင်နေတယ်။
(b) We make bread of flour.
ကျွန်တော်တို့ ပေါင်မုန့်ကို ဂျုံ နဲ့ လုပ်ပါတယ်။
♦ 8 ♦
cite = ရွတ်ဆိုသည်
sight = မြင်ကွင်း
site = နေရာ
(a) He is fond citing from the Prayers.
သူက ဘုရားစာ ရွတ်ဆိုတာကို နှစ်သက်တယ်။
(b) The Shwedagon presents a pleasant
sight in full moon day.
လပြည့်ညမှာ ရွှေတိဂုံရဲ့ မြင်ကွင်းဟာ သာယာတယ်။
(c) His father is looking for a site for his
new shop.
သူ့အဖေက ဆိုင်သစ်အတွက် နေရာ ရှာနေတယ်။
♦ 9 ♦
former = နှစ်ခုထဲက ပထမ
latter = နှစ်ခုထဲက ဒုတိယ
(a) The former half of the film was dull.
ဇာတ်ကားရဲ့ ပထမပိုင်းက ပျင်းစရာ ကောင်းတယ်။
(b) The latter half of the film was
interesting.
ဇာတ်ကားရဲ့ ဒုတိယပိုင်းက စိတ်ဝင်စားရာ ကောင်းတယ်။
♦ 10 ♦
learn = သင်ယူသည်
teach = သင်ပေးသည်
(a) We need to learn English.
ကျွန်တော်တို့ အင်္ဂလိပ်စာ လေ့လာသင်ယူဖို့ လိုတယ်။
(b) She teaches English.
သူ(မ) အင်္ဂလိပ်စာ သင်ပေးတယ်။
♦ 11 ♦
all ready = လူ (သို့) အရာဝတ္ထု အဆင်သင့် ရှိခြင်း
already = အရင်ကတည်းက
(a) We were all ready to go when the
class teacher arrived.
အတန်းပိုင်ဆရာမ ရောက်တဲ့အချိန်မှာ ကျွန်တော်တို့အားလုံး သွားဖို့ ပြင်ဆင်ခဲ့ပြီးပါပြီ။
(b) We had already begun to writing
when the class teacher arrived.
အတန်းပိုင်ဆရာမ မရောက်ခင်ကတည်းက ကျွန်တော်တို့
စတင်ရေးနေခဲ့ပါတယ်။
♦ 12 ♦
altar = ဘုရားစင်
alter = ပြောင်းလဲသည်။
(a) He knelt before the altar and took a
vow not to touch wine all his life.
သူက ဘုရားစင်ရှေ့မှာ ဒူးထောက်ပြီး တစ်သက်လုံး
အရက်မသောက်တော့ဘူးလို့ သစ္စာဆိုခဲ့ပါတယ်။
(b) I can't alter my plans now.
ဒီအချိန်မှာတော့ ငါ့ အစီအစဉ်တွေကို မပြောင်းနိုင်ဘူး။
♦ 13 ♦
portable = သယ်ရလွယ်သော
potable = သောက်သုံးနိုင်သော
(a) She brought a portable television
from Japan.
သူ(မ) ဂျပန်နိုင်ငံကမှ သယ်ရလွယ်သော ရုပ်မြင်သံကြား
စက် တစ်လုံး ယူခဲ့သည်။
(b) Pond water is not potable.
ကန်ရေ သောက်သုံးရန် မသင့်တော်ပါ။
♦ 14 ♦
Beside = ဘေးမှ
besides = ၎င်းအပြင်
(a) She was sitting beside me.
သူ(မ) ကျွန်တော့် ဘေးမှာ ထိုင်နေခဲ့ပါတယ်။
(b) He gets commission besides his salary.
သူက သူ့လစာ ရတဲ့အပြင် ကော်မရှင်ပါ ရတယ်။
♦ 15 ♦
decease = သေဆုံးခြင်း
disease = ရောဂါ
(a) The deceased person has been cremated.
သေဆုံးသွားသော လူကို သဂြိုလ် ပြီးပြီ ။
(b) The man died of an incurable disease.
ထို့လူက ကုမရတဲ့ရောဂါ တစ်ခုကြောင့် သေဆုံးခဲ့ရတယ်။
♦ 16 ♦
peace = ငြိမ်းချမ်းရေး
piece = အစိတ်အပိုင်း
(a) A treaty of peace was signed between two countries.
နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
(b) The teacher asked for a piece of chalk.
ဆရာမက မြေဖြူခဲ တစ်ချောင်း တောင်းခဲ့တယ်။
♦ 17 ♦
despise = အထင်အမြင်သေးတယ်
detest = ရွှံ့ရှာမုန်းတီးသည်
(a) Some people despise the poor.
တချို့ လူတွေက ဆင်းရဲသားတွေကို အထင်သေးကြတယ်။
(b) I detest hot weather.
ကျွန်တော် ပူတဲ့ရာသီကို ရွှန့်ရှာမုန်းတီးပါတယ်။
♦ 18 ♦
principal = ကျောင်းအုပ်ကြီး
principle = နိယာမ ၊ စည်းကမ်းကြီးသော
(a) Who is the principal of your college?
မင်းတို့ ကျောင်းက ကျောင်းအုပ်ကြီး ဘယ်သူလဲ?
(b) My father was a man of principles.
ကျွန်တော့် အဖေက နိယာမ နဲ့ နေထိုင်ခဲ့သူပါ။
♦ 19 ♦
prescribe = ညွှန်းပြသည်
proscribe = တရားဥပဒေမှ ကင်းလတ်စေသည်
(a) The doctor prescribed a very costly medicine.
ဆရာဝန်က အရမ်းဈေးကြီးတဲ့ ဆေးကို ညွှန်းထားခဲ့တယ်။
(b) That man has been proscribed by law.
အဲဒီ လူက တရားဥပဒေ အကာအကွယ်မှ ကင်းလွတ်နေပြီ။
No comments:
Post a Comment