Tuesday, April 18, 2017
Using “ In/Into”
( in / into ) အသုံးပြုနည်း
  ===============
  in ကို ဘယ်​လို​နေရာမှာ အသုံးပြုပြီး into ကို ဘယ်​လို​နေရာ
  မှာ အသုံးပြု ရမလဲ?
  in = အထဲမှာ/၌  ၊ into = အထဲသို့
  အဓိက သိထားရမှာ​တော့ in/into က preposition
  ( ဝိဘတ်​ ) ဖြစ်​ပါတယ်​။ ဝိဘတ်​ကို Noun/ Pronoun
   1. In = အထဲမှာ / ၌
    ( a ) မြို့၊ မြို့ကြီး၊ နိုင်​ငံနဲ့ အတူ in ကို အသုံးပြု ပါတယ်​။
           in Kyaukkyi, in Bago, in Japan
      - Hnin Wai Lwin  lives in Japan.
        နှင်း​ဝေလွင်​ ဂျပန်​မှာ ​နေထိုင်​ပါတယ်​။
    ( b ) တစ်​စုံတစ်​ခုရဲ့ အတွင်းမှာ လူ ၊ တိရစ္ဆာန်​ ၊ အရာဝတ္ထု
        ရှိ​နေတာကို ​ဖော်​ပြရင်​ in ကို အသုံးပြု ရပါတယ်​ ။
        in the box, in the room, in the pool
      - There is a pencil in the box.
      - May Thu is sitting in the room.
     ( c ) ဘာသာစကား နဲ့ အတူ in ကို အသုံးပြုပါတယ်​။
           in Myanmar,  in English, in Urdu
      - Speak in English.
        အင်္ဂလိပ်​လို ​ပြောပါ ။
      - How do you say " Nyaungbin" in
        English?
       မင်း ​ညောင်​ပင်​ကို အင်္ဂလိပ်​လို ဘယ်​လို​ပြောသလဲ?
      ( d ) ရက်​၊ လ ၊ နှစ်​ နဲ့ အတူ in ကို အသုံးပြုပါတယ်​။
             in two days, in March, in 2017
       - You must complete this work in
          two days.
         မင်း ဒီအလုပ်​ကို ၂ ရက်​ နဲ့. ပြီး​အောင်​ လုပ်​ရမယ်​။
       ( e ) ပင်​လယ်​၊ မြစ်​၊ သမုဒ္ဒရာ တို့နဲ့ အတူ in သုံးပါတယ်
              in the sea, in the Thanlwin river,
              in the Indian ocean
         - Kyaw Thu is swimming in the sea.
   ***  in ကို to နဲ့. မမှား​စေဖို့ သတိ​ထား​စေချင်​ပါတယ်​။
     ( လူ၊ တိရစ္ဆာန်​ ၊ အရာဝတ္ထု တို့ရဲ့ တည်​​နေရာကို
     မ​ဖော်​ပြခင်​ ကတည်​က အဲ့ဒီ တည်​​နေရာမှာ ရှိရမယ်​။ )
   ဥပမာ ။ Khin Swe Myint lives in Mandalay.
           ခင်​​ဆွေမြင့်​က မန္တ​လေးမှာ ​နေပါတယ်​။
            { ခင်​​ဆွေမြင့်​က အခု​မှ မဟုတ်​ အရင်​ကတည်းက
             မန္တ​လေးမှာ ​နေထိုင်​​နေတာပါ။ }
          ခု ​ပြော​နေချိန်​မှာ ခင်​​ဆွေမြင့်​က မန္တ​လေး သွားရင်
          Mandalay ​ရှေ့မှာ in မဟုတ်​ဘဲ to သုံးရမယ်​။
        - KSM is going to Mandalay.
          ခင်​​ဆွေမြင့်​ မန္တ​လေး သွား​တော့မယ်​။
        👉 အခြား in အသုံးကို ပုံတွင်​ ကြည့်​ပါ။
     2. into — အထဲမှာ/၌
     ------------------------
   ( a ) into အသုံးက​တော့ နည်းနည်း ပညာသား ပါတယ်​။
      - အဓိက​တော့... လူ​တွေမှာ ဖြစ်​လာတဲ့ ​ရွေ့လျားမှု ၊
       လုပ်​​ဆောင်​ချက်​ နဲ့ ​ပြောင်းလဲမှု​ပေါ် into ကို
      သုံးရပါတယ်​။
      - အရာဝတ္ထု ဆိုလည်း တစ်​စုံတစ်​ခု နဲ့ ပိတ်​ခံရတာမျိုး၊
        ပတ်​ခံရတာမျိုး နဲ့ ထိ​တွေ့မှု​ပေါ် into ကို သုံးပါတယ်​။
      * into က verb of movement နဲ့ လိုက်​​လေ့
         ရှိပါတယ်​။ go, run, walk, jump     
      * အပြင်​မှ အတွင်းသို့ ​ရွေ့ လျားမှု​ပေါ် into ကို သုံးရတယ်
       - Kyaw Thet walked into the room.
   ( b ) တစ်​စုံတစ်​ခု ရဲ့ ဦးတည်​ရာ လမ်း​ကြောင်း ဘက်​ကို
        - The main road leads into the city
           centre.
          မိန်းလမ်းက မြို့လယ်​​ခေါင်းကို ဦးတည်​သွားပါတယ်​။
   ( c ) အ​ခြေအ​နေ ​ပြောင်းလဲမှု​ပေါ်မှာလည်း into ကို
          အသုံးပြုရပါတယ်​။
        - A peaceful demo turned into a
          violent confrontation.
          ငြိမ်​ငြိမ်​​လေး ရှိခဲ့တဲ့ ဆန္ဒပြပွဲက ပြင်းထန်​ပြီး
          ထိပ်​တိုက်​ရင်​ဆိုင်​​မှုအဖြစ်​ ​ပြောင်းလဲသွားခဲ့တယ်​။
    ( d ) လုပ်​​ဆောင်​ချက်​ တစ်​ခုရဲ့ အကျိုးရလဒ်​ ကို
       - Wai Yan Phyo was forced into
          his girl apology.
        ဆိုဖို့ အတင်းအကျပ်​ ခံခဲ့ရတယ်​။
{ force = လုပ်​​ဆောင်​ချက်​ / apology = အကျိုးရလဒ်​ }
    ( e ) တစ်​စုံတစ်​ခု နဲ့ ပတ်​သက်​ ဆက်​နွယ်​​နေတာကို
     - An investigation into the robbery
        is under way.
        လုယက်​မှု နဲ့ ပတ်​သက်​တဲ့ စုံးစမ်းစစ်​​ဆေးမှုကို
         လုပ်​​ဆောင်​​နေဆဲ ဖြစ်​ပါတယ်​။
   ( f ) ကိန်း၊ ဂဏန်း ကို စားမယ်​ ဒါမှမဟုတ်​ တခုခုကို
         စိတ်​ပိုင်းမယ်​ဆိုရင်​ into ကို သုံးရပါတယ်​။
      - Two goes in six three times.
         ၆ ကို ၂ နဲ့ စားရင်​ ၃ ရပါတယ်​။
      - Fold the napkin into triangle.
        လက်​သုတ်​ပဝါကို သုံး​ခေါက်​ချိး ​ခေါက်​လိုက်​ပါ။
     ( g ) ဘာသာစကား တစ်​ခုမှ တခြား ဘာသာစကားသို့
             ဘာသာပြန်​ရင်​ into ကို အသုံးပြုပါတယ်​။
     - He translated the story into English.
       သူက ၀တ္တုကို အင်္ဂလိပ်​လို ဘာသာပြန်​ဆိုခဲ့တယ်​။
No comments:
Post a Comment